မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၂၇-၅-၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ Chatrium Hotel ၌ ကျင်းပခဲ့ရာ MBE အသင်း အကြံပေးအဖွဲ့ဝင်များ၊ အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ SME Development Bank ၊ Myanma Tourism Bank ၊ Center for Vocational Training ၊ Myanmar Institute of Business ၊ Myanmar Noble University တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ဥက္ကဋ္ဌ ဦးမင်းဦးက MBE အသင်းအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ SME Development Bank ၊ Myanma Tourism Bank ၊ Center for Vocational Training ၊ Myanmar Institute of Business ၊ Myanmar Noble University တို့မှ တာဝန်ရှိသူ အသီးသီးက ၎င်းတို့အဖွဲ့အစည်းအကြောင်း မိတ်ဆက်ခြင်းနှင့် MoU ရေးထိုးရခြင်း အကြောင်းတို့ကို အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော SME Development Bank ၊ Myanma Tourism Bank ၊ Center for Vocational Training ၊ Myanmar Institute of Business ၊ Myanmar Noble University တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း၊ အမှတ်တရ ဂုဏ်ပြုပစ္စည်းများ အပြန်အလှန် ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။ ယင်းနောက် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးက ကျေးဇူးတင်စကား ပြောကြားခြင်း၊ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်း၊ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ညနေ (၄း၀၀) နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ကျင်းပ ပြီးမြောက်ခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။