ပထမအကြိမ် “Intra-Association Friendship Badminton Competition 2025” ဖိတ်ခေါ်ကြက်တောင်ရိုက် ပြိုင်ပွဲကို မိတ်ဖက်အဖွဲ့အစည်း တစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) နှင့် Myanmar Fujian Association တို့က ကြီးမှူးစီစဥ်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈~၁၉) ရက်တွင် ရန်ကုန်မြို့၊ အမျိုးသားကြက်တောင် အားကစားအဖွဲ့ချုပ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယခု ပြိုင်ပွဲ၌ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ကိုယ်စားပြု Men’s Double အဖွဲ့ (၃) ဖွဲ့၊ Mixed Double အဖွဲ့ (၁) ဖွဲ့၊ စုစုပေါင်း (၄) ဖွဲ့ဖြင့် MBE အသင်းဝင် ကြက်တောင်အားကစားသမား (၇) ဦးတို့က အကောင်းဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး MBE အသင်းဝင်များက ပြိုင်ပွဲဝင် MBE ကြက်တောင် အားကစားအဖွဲ့ကို ချစ်ကြည် နွေးထွေး စည်းလုံးစွာ လာရောက် အားပေး ဝန်းရံခဲ့ကြပါသည်။
(၁၉.၁.၂၀၂၅) ရက် ညပိုင်း ကျင်းပခဲ့သည့် “ဆုချီးမြှင့်ပွဲနှင့် Networking ညစာစားပွဲ” ၌ MBE အသင်းအနေဖြင့် ယခု ကြက်တောင်ပြိုင်ပွဲ၏ “Best Supporting Team Award” ကို ထိုက်တန်စွာ ရရှိခဲ့သည့်အတွက် ရွေးချယ် ချီးမြှင့်ပေးသည့် ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ တက်ကြွစွာ အားပေးပံ့ပိုးခဲ့ကြသည့် MBE အသင်းဝင်များ အားလုံးနှင့်တကွ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။
MBE အသင်းအနေဖြင့် မိတ်ဖက် MYEA အသင်း အပါအဝင် မိတ်ဖက် အဖွဲ့အစည်းများနှင့် ရင်းနှီးဖော်ရွေသော ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။