“ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ၏ တတိယအကြိမ် လှူဒါန်းခြင်းအစီအစဉ်

Home / News / “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ၏ တတိယအကြိမ် လှူဒါန်းခြင်းအစီအစဉ်

မိတ်ဖက် အဖွဲ့အစည်းတစ်ခု ဖြစ်သော မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ၏ ပံ့ပိုးမှုဖြင့် ရေဘေးသင့် ဒေသတစ်ခု ဖြစ်သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) အသင်းဝင်များနှင့် အလှူရှင်များက လှူဒါန်းကြပါသော အဝတ်အထည်များ နှင့် အသုံးအဆောင် ပစ္စည်းများကို “တတိယအသုတ် လှူဒါန်းမှု” အနေဖြင့် ဆက်လက် ပို့ဆောင်လျက် ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
MBE အသင်းအနေဖြင့် “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” တွင် ပံ့ပိုး ပါဝင်ပေးကြသည့် MBE အသင်းဝင်များ၊ အလှူရှင်များ၏ အလှူငွေများ နှင့် အထောက်အပံ့ ပစ္စည်းများကို ရေဘေးသင့် ဒေသများ၌ ထိရောက် အကျိုးရှိ‌စွာ စနစ်တကျ ဆက်လက် ပံ့ပိုး လှူဒါန်းသွားမည် ဖြစ်ပါကြောင်း ကျေးဇူးတင် လှိုက်လှဲစွာ ဖော်ပြအပ်ပါသည်။