မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အသင်းဝင်များ နှင့် အလှူရှင်များက ထည့်ဝင် ပေးပို့ကြသည့် အဝတ်အထည်များ၊ အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ စနစ်တကျ ပေးပို့ မျှဝေ လှူဒါန်းလျက်ရှိပြီး အလှူငွေများဖြင့် ဝယ်ယူပံ့ပိုးထားသည့် ဒီဇယ်အင်ဂျင်နှင့် ကွန်ပရက်ဆာပါ လေမှုတ်စက် – (၃) လုံး ကိုလည်း ရေတွင်း/ရေကန်များ ပြန်လည် ဆယ်ယူရေး နှင့် ရွံ့နွံများကို ဖယ်ရှား ရှင်းလင်းရေး အတွက် အသုံးပြုလျက်ရှိပါသည်။
အဆိုပါ လေမှုတ်စက်များ လည်ပတ်ရေး လိုအပ်သည့် ဒီဇယ်ဆီများ ဝယ်ယူရန်အတွက်လည်း MBE အသင်းက အလှူငွေများ ပံ့ပိုးလှူဒါန်းခဲ့ပြီး ရေဘေးသင့် ပျဉ်းမနားမြို့နယ်အတွင်း ကျေးရွာများ၌ (၂၃-၉-၂၀၂၄) ရက်နေ့အထိ ရေတွင်းပေါင်း (၄၇) ခု ဆယ်ယူ ပြီးစီးပါကြောင်း နှင့် MBE အသင်းအနေဖြင့် ဝိုင်းဝန်းပံ့ပိုး ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများ နှင့် အထောက်အပံ့ ပစ္စည်းများကို ရေဘေးသင့် ဒေသများ၌ ထိရောက် အကျိုးရှိစွာ စနစ်တကျ ဆက်လက် ပံ့ပိုး လှူဒါန်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။