နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ ကျေးရွာ (၈) ရွာ၌ Safe & Low-cost Hygienic Toilets for Flood-proned Areas in Pyinmana Township အိမ်သာ အလုံး (၁၀၀) တည်ဆောက် လှူဒါန်းခြင်း

Home / News / နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ ကျေးရွာ (၈) ရွာ၌ Safe & Low-cost Hygienic Toilets for Flood-proned Areas in Pyinmana Township အိမ်သာ အလုံး (၁၀၀) တည်ဆောက် လှူဒါန်းခြင်း
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ Community Support အစီအစဉ်တစ်ရပ် အဖြစ် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ ကျေးရွာ (၈) ရွာ၌ Safe & Low-cost Hygienic Toilets for Flood-proned Areas in Pyinmana Township အိမ်သာ အလုံး (၁၀၀) တည်ဆောက် လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
MBE အသင်း၏ ယခုအိမ်သာ အလုံး (၁၀၀) အစီအစဉ်ကို အသင်းက ရရှိခဲ့သည့် Small -scale, Short-term Community based Project Grant ၏ အဓိက ပံ့ပိုးမှုဖြင့် ပျဉ်းမနား ဒေသခံ Local Community Group – Altruist Anon Group က မြေပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
(၈-၃-၂၀၂၅) ရက်နေ့က စီမံကိန်း ပြီးစီးမှု မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို MBE အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မင်းသန့်၊ အထွေထွေ အတွင်းရေးမှူး ဦးသိန်းဦး၊ GGRBD ကော်မတီဥက္ကဋ္ဌ ဒေါ်ဝတ်မှုံ၊ အသင်းဝင် Dr. မောင်မောင်ဇော်တို့က ဆောင်ရွက်ခဲ့ပြီး ဒေသခံ ကျေးလက်ပြည်သူများထံ အိမ်သာ စနစ်တကျ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့်တကွ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကိုလည်း မျှဝေပေးခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။