မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနား

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနား

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၂၇-၅-၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ Chatrium Hotel ၌ ကျင်းပခဲ့ရာ MBE အသင်း အကြံပေးအဖွဲ့ဝင်များ၊ အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ SME Development Bank ၊ Myanma Tourism Bank ၊ Center for Vocational Training ၊ Myanmar Institute of Business ၊ Myanmar Noble University တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ဥက္ကဋ္ဌ ဦးမင်းဦးက MBE အသင်းအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ SME Development Bank ၊ Myanma Tourism Bank ၊ Center for Vocational Training ၊ Myanmar Institute of Business ၊ Myanmar Noble University တို့မှ တာဝန်ရှိသူ အသီးသီးက ၎င်းတို့အဖွဲ့အစည်းအကြောင်း မိတ်ဆက်ခြင်းနှင့် MoU ရေးထိုးရခြင်း အကြောင်းတို့ကို အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော SME Development Bank ၊ Myanma Tourism Bank ၊ Center for Vocational Training ၊ Myanmar Institute of Business ၊ Myanmar Noble University တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း၊ အမှတ်တရ ဂုဏ်ပြုပစ္စည်းများ အပြန်အလှန် ​ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။ ယင်းနောက် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးက ကျေးဇူးတင်စကား ပြောကြားခြင်း၊ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်း၊ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ညနေ (၄း၀၀) နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ကျင်းပ ပြီးမြောက်ခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။