မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး အခမ်းအနား

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး အခမ်းအနား

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး အခမ်းအနားကို (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ MBE အသင်းနာယကများ၊ MOU / မိတ်ဖက် အဖွဲ့အစည်းများက အသင်း ဥက္ကဋ္ဌများ နှင့် အလုပ်အမှုဆောင် – ဧည့်သည်တော်များ၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် နှင့် MBA Program က ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ MBE အသင်း အကြံပေးအဖွဲ့ဝင်များ၊ MBE အသင်း အလုပ်အမှုဆောင်များ၊ MBE အသင်းဝင်များ၊ MBE ရုံးအဖွဲ့ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ MBE အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အသင်းနာယက ဆရာကြီး Prof. Dr. အောင်ထွန်းသက် နှင့် အသင်းနာယက ဆရာကြီး ဦးသိန်းဦး တို့က Key Note Speech များ ပြောကြားခြင်း၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုစကား ပြောကြားခြင်း၊ MBE အသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းဦးက (၂၀၂၃-၂၀၂၄) ခုနှစ် အတွက် အသင်းအလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြား တင်ပြခြင်း၊ MBE အသင်း ဘဏ္ဍာရေးမှူး ဦးညီညီအောင်က (၂၀၂၃-၂၀၂၄) ခုနှစ် ဘဏ္ဍာရေး စာရင်းရှင်းတမ်းကို ဖတ်ကြား တင်ပြခြင်း၊ စာရင်းစစ် အစီရင်ခံစာကို External Audit Firm ဖြစ်သည့် May & Partner Associates က တင်ပြခြင်း၊ ဖတ်ကြား တင်ပြခဲ့ကြသည့် အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာ နှင့် (၂၀၂၃-၂၀၂၄) ခုနှစ် ဘဏ္ဍာရေး စာရင်းရှင်းတမ်း တို့ကို အသင်းဝင်များ၏ သဘောတူညီမှုဖြင့် အတည်ပြုခြင်း၊ ရာသက်ပန် အသင်းဝင် အသိအမှတ်ပြုလွှာ (Fellow Member Certificate) ရရှိကြသည့် Founding Member များကို ဂုဏ်ပြုပေးအပ်ခြင်း၊ Committees Highlights Panel Discussion ပြုလုပ် ဆွေးနွေးခြင်း၊ MBE President Award (၂၀၂၃-၂၀၂၄) ရရှိသည့် အသင်းဝင်ကို ဂုဏ်ပြုခြင်း၊ MBE Member Award များ ဖြစ်ကြသည့် 2024 Most Generous Award ရရှိကြသည့် အသင်းဝင်များကို ဂုဏ်ပြုခြင်း၊ Most Active Participation Award ရရှိကြသည့် အသင်းဝင်များကို ဂုဏ်ပြုခြင်း၊ MBE အသင်း၏ ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး ပံ့ပိုးကူညီမှု အစီအစဉ် (၂၀၂၄) ၌ ပံ့ပိုး ကူညီခဲ့ကြသည့် အဖွဲ့အစည်းများကို ဂုဏ်ပြုခြင်း၊ ထည့်ဝင်လှူဒါန်းခဲ့ကြသည့် အသင်းဝင်များနှင့် အလှူရှင်များကို ဂုဏ်ပြုခြင်း၊ MBE အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မင်းသန့်က ကျေးဇူးတင်စကား ပြောကြားခြင်း၊ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခြင်းများ၊ Hi Tea Reception ဖြင့် တည်ခင်းဧည့်ခံခြင်း အစီအစဉ်များဖြင့် အခမ်းအနား အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။