“ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” သတ္တမမြောက်လှူဒါန်းခြင်း အစီအစဉ်

Home / News / “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” သတ္တမမြောက်လှူဒါန်းခြင်း အစီအစဉ်

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် Unilever Myanmar ဝန်ထမ်းများ၏ ရေဘေးသင့် ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးအလှူ အဖြစ် Lifebuoy ဆပ်ပြာ အတုံးရေ 18,240 ခု (ဆပ်ပြာ 96 တုံးပါ စက္ကူဂျပ်ဖာ – 190 boxes) ကို အောက်ဖော်ပြပါဒေသများ၌ အသီးသီး လှူဒါန်းခဲ့ကြပါသည်။
(က) မြစ်သားမြို့နယ် ညောင်ဝန်းကျေးရွာ နှင့် ဝန်းကျင်ဒေသ များအတွက် Lifebuoy ဆပ်ပြာ 50 boxes
(ခ) ရမည်းသင်းမြို့နယ် ဝါးတောကျေးရွာ နှင့် ဝန်းကျင်ဒေသ များအတွက် Lifebuoy ဆပ်ပြာ 20 boxes
(ဂ) တပ်ကုန်းမြို့နယ် သရက်အုပ်ကျေးရွာ နှင့် ဝန်းကျင်ဒေသ များအတွက် Lifebuoy ဆပ်ပြာ 20 boxes
(ဃ) ဝမ်းတွင်းမြို့နယ် သပြေသာကျေးရွာ နှင့် ဝန်းကျင်ဒေသ များအတွက် Lifebuoy ဆပ်ပြာ 50 boxes
(င) ရမည်းသင်းမြို့နယ် ကံရိုးကြီးကျေးရွာ (မိုးထိမိုးမိလမ်းခွဲ) နှင့် ဝန်းကျင်ဒေသများအတွက် Lifebuoy ဆပ်ပြာ 50 Boxes
MBE အသင်း၏ သတ္တမမြောက် အစီအစဉ် ဖြစ်သည့် ယခုအလှူတွင် Unilever Myanmar ဝန်ထမ်းမိသားစု နှင့်တကွ အလှူ ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက်ပေးပါသော Lotus Foundation မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဒေသ အသီးသီးမှ ဆရာတော်များ၊ Logistic အတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါသော Shwe Taung Tet Myanmar Company Limited ၊ မန္တလာမင်း အဆင့်မြင့်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး၊ တို့ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။