လတ်တလော ဖြစ်ပွားလျက်ရှိသော “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” အနေဖြင့် မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) အသင်းဝင်များနှင့် အလှူရှင်များက လှူဒါန်းကြပါသော အဝတ်အထည်များ၊ တာရှည်ခံ အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို ရေဘေးသင့် ဒေသတစ်ခု ဖြစ်သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွန်းဦးရွာ နှင့် အနီးဝန်းကျင် ရွာများသို့ “ပထမအသုတ် လှူဒါန်းမှု” အနေဖြင့် စတင် ပို့ဆောင်လျက်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
ပံ့ပိုး ပါဝင်ပေးကြသည့် MBE အသင်းဝင်များ၊ အလှူရှင်များ နှင့်တကွ မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သော မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပံ့ပိုးမှုကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း နှင့် ဝိုင်းဝန်းပံ့ပိုး ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများ နှင့် အထောက်အပံ့ ပစ္စည်းများကို ရေဘေးသင့် ဒေသများ၌ ထိရောက် အကျိုးရှိစွာ စနစ်တကျ ဆက်လက် ပံ့ပိုး လှူဒါန်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။