“ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ၏ စတုတ္ထကြိမ် လှူဒါန်းခြင်းအစီအစဉ်

Home / News / “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ၏ စတုတ္ထကြိမ် လှူဒါန်းခြင်းအစီအစဉ်

ရေဘေးသင့်ဒေသများရှိ ရေတွင်း/ရေကန်များ ပြန်လည် ဆယ်ယူရေး နှင့် ရွံ့နွံများကို ဖယ်ရှား ရှင်းလင်းရေး အတွက် လိုအပ်နေသော “ဒီဇယ်အင်ဂျင် တွဲလျက် ကွန်ပရက်ဆာပါ လေမှုတ်စက် – (၃) လုံး” ကို ရေဘေးသင့် ဒေသတစ်ခု ဖြစ်သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အသုံးပြုရန် မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ၏ စတုတ္ထ အစီအစဉ် အနေဖြင့် ဝယ်ယူတပ်ဆင် ပေးပို့လှူဒါန်းခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
MBE အသင်းဝင်များ၏ လှူဒါန်းငွေဖြင့် လေမှုတ်စက် (၂) လုံး၊ COSCO Shipping Line နှင့် မိတ်ဆွေ အလှူရှင်များ စုစည်းထည့်ဝင် လှူဒါန်းငွေဖြင့် လေမှုတ်စက် (၁) လုံး၊ တို့ကို စီစဉ် လှူဒါန်းခြင်း ဖြစ်ပြီး အလှူရှင်များအားလုံး နှင့်တကွ ကူညီ ပို့ဆောင်ပေးပါသော JJ Express ယာဉ်လိုင်းကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း နှင့် MBE အသင်းအနေဖြင့် ဝိုင်းဝန်းပံ့ပိုး ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများ နှင့် အထောက်အပံ့ ပစ္စည်းများကို ရေဘေးသင့် ဒေသများ၌ ထိရောက် အကျိုးရှိ‌စွာ စနစ်တကျ ဆက်လက် ပံ့ပိုး လှူဒါန်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။