“ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ပဉ္စမကြိမ်လှူဒါန်းခြင်း အစီအစဉ်

Home / News / “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ပဉ္စမကြိမ်လှူဒါန်းခြင်း အစီအစဉ်

ရေဘေးဒဏ်သင့် ဒေသတစ်ခုဖြစ်သည့် ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ နုံးတင်အိမ်များ ဆေးကြောရန် နှင့် သုံးရေအတွက် အသုံးပြုရန် အလို့ငှာ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ပဉ္စမ အစီအစဉ် အနေဖြင့် စီစဉ် လှူဒါန်းခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
ယခုလှူဒါန်းမှုတွင် ရေဂါလံ ၁၀၀၀ ဆံ့ နှင့် ရေဂါလံ ၈၀ဝ ဆံ့ – မော်တော်ယာဉ်များဖြင့် ပျမ်းမျှ အခေါက်ရေ (၃၃) ကြိမ်ခန့် ပေးဝေနိုင်ရေး MBE အသင်းက အလှူငွေများ ပေးပို့စီစဉ် ဆောင်ရွက်ခြင်းဖြစ်ရာ MBE အသင်းဝင်များနှင့် အလှူရှင်များ၊ စီစဉ် ဆောင်ရွက်ပေးသူများ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း နှင့် MBE အသင်းအနေဖြင့် ဝိုင်းဝန်းပံ့ပိုး ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများ နှင့် အထောက်အပံ့ ပစ္စည်းများကို ရေဘေးသင့် ဒေသများ၌ ထိရောက် အကျိုးရှိ‌စွာ စနစ်တကျ ဆက်လက် ပံ့ပိုး လှူဒါန်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။