“ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု” ၏ ဒုတိယ အစီအစဉ် အနေဖြင့် မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) အသင်းဝင်များနှင့် အလှူရှင်များက ထည့်ဝင် လှူဒါန်းကြပါသော အလှူငွေများဖြင့် ရေဘေးသင့် ဒေသတစ်ခုဖြစ်သည့် တောင်ငူမြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူ (၂၅၀၀) ဦးအတွက် (၁၈-၉-၂၀၂၄) နေ့လည်စာ တစ်နပ်စာ (ထမင်း၊ ကြက်သားဟင်း နှင့် ငံပြာရည်ကြော်) တို့ကို ကျွေးမွေးလှူဒါန်းခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
အလှူအတွက် ပံ့ပိုး ထည့်ဝင်ပေးကြသည့် MBE အသင်းဝင်များ၊ အလှူရှင်များ နှင့်တကွ လုပ်အားဒါန ချက်ပြုတ် ပြင်ဆင် လှည့်လည်ပေးဝေ ပေးပါသော ဒေါ်ခင်နွယ်ဝင်း (ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဒုဥက္ကဋ္ဌ) ဦးဆောင်သည့် အမှုဆောင်များ နှင့် တောင်ငူကွန်ပျူတာ တက္ကသိုလ် ကျောင်းသား/သူ များအဖွဲ့ကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း နှင့် MBE အသင်းအနေဖြင့် ဝိုင်းဝန်းပံ့ပိုး ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများ နှင့် အထောက်အပံ့ ပစ္စည်းများကို ရေဘေးသင့် ဒေသများ၌ ထိရောက် အကျိုးရှိစွာ စနစ်တကျ ဆက်လက် ပံ့ပိုး လှူဒါန်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။