Entrepreneurship is for Everyone ဟောပြောဆွေးနွေးပွဲ အခမ်းအနား

Home / News / Entrepreneurship is for Everyone ဟောပြောဆွေးနွေးပွဲ အခမ်းအနား

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2024) အထိမ်းအမှတ် မြန်မာစီးပွားစီမံအမှုဆောင်များအသင်းက စီစဉ်ပြုလုပ်သည့် “Entrepreneurship is for Everyone” ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက် ညနေ (၄) နာရီတွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ ပတ္တမြားဆောင်၌ ကျင်းပခဲ့ရာ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ ပါမောက္ခ (ဌာနမှူး) နှင့် ဆရာ/ဆရာမများ၊ MBE အသင်း အကြံပေး အဖွဲ့ဝင်များ နှင့် အသင်း အလုပ်အမှုဆောင်များ၊ MBA Program နှင့် MSESI Program တို့မှ တက်ရောက်ဆဲ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြပါသည်။
ယခု ဆွေးနွေးပွဲ၌ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ ပါမောက္ခ (ဌာနမှူး) Dr. သင်းနွယ်ဦးက အဖွင့် အမှာစကား ပြောကြားခြင်း၊ MBE အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက အမှာစကား ပြောကြားခြင်း၊ ဦးဇော်မင်းသန့် (MBE အသင်း ဒုတိယဥက္ကဋ္ဌ – ၁) ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ Chairman & Founder of Pyei Sone Hein Group of Companies) နှင့် ဦးအောင်အောင် (MBE အသင်း – စီးပွားရေး မဟာဗျုဟာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ၊ Managing Director of Ahtar Oo Co., Ltd.၊ Director of Myanmar Citizens Bank, Myanmar Technologies and Investment Public Co., Ltd., Proven Group of Companies) တို့က အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် MBA Program နှင့် MSESI Program ကျောင်းသား/သူ များက မေးခွန်းများ မေးမြန်းဆွေးနွေးခြင်း နှင့် MBE အသင်း အလုပ်အမှုဆောင်များက ပြန်လည်ဖြေကြားခြင်း၊ စုပေါင်း ဓါတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ယခုနှစ် GEW 2024 လှုပ်ရှားမှုများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်မှ (၂၄) ရက်အတွင်း ကျင်းပခြင်း ဖြစ်ပြီး MBE အသင်း၏ မိတ်ဖက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) က National Host အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ GEW 2024 ဆောင်ပုဒ်မှာ “Entrepreneurship is for Everyone” ဖြစ်ပါသည်။
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အနေဖြင့် လွန်ခဲ့သော နှစ်များအတွင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ အလားတူ GEW Event အပါအဝင် MBA Program ကျောင်းသား/သူများအတွက် Career Advancement Program (CAP) တို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ‌ကြောင်း နှင့် MBE အသင်းအနေဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။