Collaboration Kick-off & Navigating Financing Options for MSMEs

Home / News / Collaboration Kick-off & Navigating Financing Options for MSMEs

အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်၍ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် ပရူဒန်ရှယ်အာမခံ (Prudential Myanmar Life Insurance Limited) တို့ ပူးပေါင်း ကျင်းပသည့် “Collaboration Kick-off & Navigating Financing Options for MSMEs” အခမ်းအနားကို (၆.၇.၂၀၂၄) ရက်နေ့က ရန်ကုန်မြို့၊ Chatrium Hotel Royal Lake Yangon ၌ ကျင်းပခဲ့ခဲ့ရာ MBE အသင်း၏ အကြံပေးအဖွဲ့ဝင်များ၊ အလုပ် အမှုဆောင်များ၊ အသင်းဝင်များ၊ ပရူဒန်ရှယ် အာမခံ ၏ တာဝန်ရှိသူများ နှင့် MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် ပရူဒန်ရှယ် အာမခံ (Prudential Myanmar Life Insurance Limited)
တို့အကြား ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးခြင်းနှင့်အတူ “Navigating Financing Options for MSMEs; Panel Discussion” ကို ကျင်းပခဲ့ကြပါသည်။
Panel Discussion တွင် စီးပွားရေးလုပ်ငန်းများ ရေရှည် ရပ်တည်ရေး နှင့် လုပ်ငန်း တိုးချဲ့ လုပ်ကိုင်ရေးအတွက် အရေးပါသည့် ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှု အထောက်အပံ့ဆိုင်ရာ အရေးပါသည့် အချက်များကို SME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်း ဆောင်ရွက်နေကြသည့် ဘဏ်၊ အသေးစား ငွေချေးလုပ်ငန်းနှင့် အာမခံ အဖွဲ့အစည်းများမှ ဦးစီးဆောင်ရွက် နေကြသူများ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များက အောက်ပါအတိုင်း ပါဝင် ဆွေးနွေးခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
📍 အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် ငွေကြေးဆိုင်ရာ အခက်အခဲများအတွက် အခွင့်အလမ်းများနှင့် နည်းလမ်းများ
📍 SME လုပ်ငန်းရှင် တစ်ဦး ဝေမျှပေးမည့် ဘဏ္ဍာရေးနှင့် နည်းပညာ အထောက်အပံ့ အခွင့်အလမ်းများ ရရှိအောင် လက်တွေ့ဆောင်ရွက်ခဲ့မှုများ
📍 ဘဏ္ဍာရေးနှင့် နည်းပညာ အထောက်အပံ့ အခွင့်အလမ်းများကို ရယူရာတွင် လုပ်ငန်းငယ်များ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ သတိမူရမည့် ကြိုတင် ဆောင်ရွက်ထားရန် လိုအပ်ချက်များ၊ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ
📍 ချေးငွေရယူနိုင်ရန် ဆောင်ရွက်ပေးမည့် အစီအစဉ်များ